Saturday, January 18, 2025

ထိုင်းနိုင်ငံမှာဆက်လက်အလုပ်လုပ်ကိုင်လိုပါက ဝေ့ပါမစ်၊ ဗီစာ သက်တမ်းမကုန်ခင်တိုးထားကြပါရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ဖွေ့ဘွတ်စာမျက်နှာမှ အသိပေးထားပါသည်။


 ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းရောက် မြန်မာလုပ်သားများအနေနဲ့ လာမည့်13-2-2025 ရက်နေ့မှာ အလုပ်လုပ်ကိုင်ခွင့်ပါမစ်သက်တမ်းနှင့် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးကြတော့မှာဖြစ်ပါတယ်။ 

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားများ၏စာရွက်စာတမ်းများ သက်တမ်းမကုန်ခင် သက်တမ်းအမှီတိုးထားကြပါရန်နှင့် အကယ်၍သက်တမ်းတိုးမမှီသူများ စာရွက်စာတမ်းသက်တမ်းကုန်လွန်သွားပါက ထိုင်းအလုပ်သမားဥပေဒေနှင့် ထိုင်းနေထိုင်ခွင့်ဥပဒေကို ချိုးဖောက်ရာရောက်ပြီး၊ ဖမ်းဆီးခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းကို ခံရမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဖွေ့ဘွတ်စာမျက်နှာပေါ်   တွင်ကြေငြထားပါသည်။ 

သက်တမ်းတိုးရန် အလုပ်သမားဝန်ကြီးဌာန၏ ဝက်(ပ်)ဆိုက် တွင် သော်၄င်း၊ အလုပ်ရှင်နေထိုင်ရာ နယ်မြေ အလုပ်သားမားရုံးတွင် လူကိုယ်တိုင်သော်၄င်း သွားရောက် သက်တမ်းတိုးနိုင်ကြောင်း အသိပေးကြေငြာထားပါသည်။ သတင်း ဘန်ကောက်ကိုဦး


-- မူရင်းသတင်း--

https://www.facebook.com/share/1A2yRWVwQ4/

“စပါပြီ! အလုပ်အကိုင် ဦးစီးရေးဌာနမှ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့် နိုင်ငံသား (4) ခုအား အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးခြင်းအား 2025 ခုနှစ်၊ ဖေဖော်ဝါရီလ 13 ရက်နေ့ နောက်ဆုံးထား၍ အလုပ်လုပ်ခွင့် သက်တမ်းဆက်တိုက်ရှိနေရန်၊ သက်သာချောင်ချိရေးရရန်၊ လူမှုဖူလုံရေးရှိရန် ဖွင့်ထားသည်။”
.
အလုပ်ရှင်များနှင့် အလုပ်သမားများသည် စာရွက်စာတမ်းများကို ပြင်ဆင်ပြီး ရိုးရှင်းသော အဆင့်များကို www.doe.go.th သို့မဟုတ် နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးရုံးများ မှတဆင့် လုပ်ဆောင်ရမည်။
.
ယနေ့မှစ၍ - 2025 ခုနှစ်၊ ဖေဖော်ဝါရီလ 13 ရက်နေ့
အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် ပျက်ကွက်ခြင်းသည် ဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်၍ ဖမ်းဆီးခြင်း၊ ငွေဒဏ် သို့မဟုတ် ပြည်နှင်ဒဏ် ခံရမည်။
.
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အလုပ်အကိုင် ဦးစီးဌာန အမြန်လိုင်း 1506 လိုင်းခွဲ 2 ကို ဆက်သွယ်နိုင်ပါသည်။
.
Share:

0 comments:

Post a Comment

Search This Blog

Powered by Blogger.

Blog Archive